(၁၁-၅-၂၀၂၃ ရက်၊ ဟနွိုင်းမြို့)
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းသည် ဗီယက်နမ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအသစ်အဖြစ် တာဝန်ထမ်းဆောင်မည့် H.E. Mrs. Kimtha CHEA အား ၁၁-၅-၂၀၂၃ ရက်နေ၊ (၁၄:၀၀)နာရီတွင် မြန်မာသံအမတ်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ဟနွိုင်းမြို့အခြေစိုက် အာဆီယံသံရုံးများနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ဆက်ဆံရေးနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာသံရုံးနှင့် ကမ္ဘောဒီးယားသံရုံးတို့အကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး၊ မြန်မာသံအမတ်ကြီးမှ နိုင်ငံတော်အစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များအား ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


