(၁၉) ကြိမ်မြောက် အာဆီယံ-ရုရှားအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်

(၂၈-၄-၂၀၂၃ ရက် ၊ ဆီရမ်ရိ )
(၁၉) ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက် ရောက်ခဲ့ပါသည်။

အစည်းအဝေးအား ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးဖြစ်သူ State Secretary H.E. Mr. KUNG Phoak နှင့် ရုရှားနိုင်ငံအဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Andrey RUDENKO တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ရုရှားမဟာဗျူဟာမြောက်ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းအစီအစဉ်အရ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော်ကျူးလွန်သည့် အမှုအခင်းများ တိုက်ဖျက်ရေးနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံး လုံခြုံရေး ကိစ္စရပ်များ၊ စက်မှုလုပ်ငန်း၊ ဘဏ္ဍာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ သိပ္ပံနှင့် နည်းပညာ၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဆောင်ရွက်မည့် နည်းလမ်း များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကာလအတွင်း မြန်မာအမြဲတမ်းအတွင်းဝန်သည် ရုရှားနိုင်ငံမှ အဆင့်မြင့် အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Mr. Andrey RUDENKO နှင့်သီးခြား တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံအကြားဆက်ဆံရေး မြှင့်တင်မည့်ကိစ္စများ၊ နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စများအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

20230502 01

20230502 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့