အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ(၂၆-၄-၂၀၂၃ ရက်)

(၂၆-၄-၂၀၂၃ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၆-၄-၂၀၂၃ ရက်၊ ၁၃:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၉)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးတက်လာစေရန် ဆောင်ရွက်ပေးနေ သော ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအသင်းကို ကျေးဇူးတင်ရှိကြောင်း ဦးစွာ ပြောကြားခဲ့ ပါသည်။ ယင်းနောက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပို့ဆောင် ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ပညာရေး၊ ဥပဒေရေးရာ၊ ဘဏ္ဍာရေး စသည့် ကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများနှင့် ရုရှားနိုင်ငံ၌ ကျင်းပသော ဖိုရမ်များသို့ ပါဝင်တက်ရောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

20230427 01

20230427 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့