မြန်မာသံရုံး၊ ဟနွိုင်းမြို့ ၌ နှစ်သစ်ကူးတရာတော်နာယူပွဲ အန္တရာယ်ကင်း ပရိတ်ရွတ်ခြင်းနှင့် အလှူဒါနပြုလုပ်ခဲ့ခြင်း

(၁၉-၄-၂၀၂၃ ရက်၊ ဟနွိုင်းမြို့)
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း (၁) ရက်၊ နှစ်ဆန်းသုံးရက်နေ့၊ ၁၉-၄-၂၀၂၃ ရက် တွင် ဗီယက်နမ်နိုင်ငံသို့ ကြွရောက်သတင်းသုံးလျက်ရှိသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိပိဋက မဟာဂန္ဓဝင် နိကာယ် ကျောင်းတိုက်မှ ကျောက်ပန်းတောင် ဆရာတော် တစ်ဆယ့်ငါးပါးမြောက် တိပိဋကဓရ ဘဒ္ဒန္တ ပညာဝံသာဘိဝံသ နှင့် သံဃာတော်(၃)ပါးတို့အား ပင့်ဖိတ်လျက် မြန်မာသံရုံး၊ ဟနွိုင်းမြို့တွင် မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ကျင်းပခဲ့ရာ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်နှင့်ဇနီး၊ မြန်မာသံရုံး ဝန်ထမ်းနှင့် မိသားစုများ၊ မြန်မာစစ်သံရုံးဝန်ထမ်းနှင့်မိသားစုများ၊ ဗီယက်နမ်နိုင်ငံသား သီလရှင် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များတက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ကျောက်ပန်းတောင် ဆရာတော် တိပိဋကဓရ ဘဒ္ဒန္တ ပညာဝံသာဘိဝံသ နှင့် သံဃာများ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက နှစ်သစ်ကူး အန္တရာယ် ကင်း ပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြပါသည်။ အခမ်းအနား တက်ရောက် သူများက တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းအသီးသီးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကာ အခမ်းအနားကို ညနေ (၁၄:၂၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ညပိုင်းတွင် သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် စစ်သံမှူး ဗိုလ်မှူးချုပ်မြင့်ထွန်းနိုင်တို့သည် ဟနွိုင်းမြို့မှ မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့သို့ ထွက်ခွါမည့် ဆရာတော်ကြီးနှင့် သံဃာတော် (၁)ပါးတို့အား ဟနွိုင်းမြို့ Noibai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ပါ ကြောင်း သိရှိရပါသည်။

20230420 05

20230420 05

20230420 05

20230420 05

20230420 05

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့