မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ နှစ်သစ်ကူး မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ကျင်းပခဲ့ခြင်း (၁၁-၄-၂၀၂၃)

မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူး မြန်မာရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ဟနွိုင်းမြို့ရှိ မြန်မာသံရုံးဝန်းအတွင်းတွင် ၁၁-၄-၂၀၂၃ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ နှစ်သစ်ကူး မြန်မာရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ ဇနီးနှင့်မိသားစု၊ မြန်မာစစ်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ်မြင့်ထွန်းနိုင်၊ ဇနီးနှင့်မိသားစု၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်သံရုံး ဝန်ထမ်းမိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန Southeast Asia – South Asiai- South Pacific Department ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Nguyen Le Thanh ၊ ဟနွိုင်းမြို့အခြေစိုက် အာဆီယံ သံရုံးများမှ သံအမတ်ကြီးများနှင့်ဇနီး၊ စစ်သံရုံးများမှ စစ်သံမှူးများနှင့် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပါဝင်တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်း မိသားစု မဟာသင်္ကြန် အကမယ်လေးများက မြန်မာ့ရိုးရာ မဟာသင်္ကြန် အကများဖြင့် ဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခြင်းတို့ကို တက်ရောက်လာကြသူများက ကြည့်ရှု့အားပေးခဲ့ကြပြီး၊ သံအမတ်ကြီးနှင့် ဇနီးတို့မှ ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲံပါသည်။ ယင်းနောက် သံရုံး၊ စစ်သံရုံးမိသားစုများမှ ဂုဏ်ပြုနေ့လည်စာဖြစ်သော မြန်မာသင်္ကြန်ထမင်း၊ မြန်မာ့ရိုးရာမုန့်များဖြင့် တည်ခင်း ဧည့်ခံပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

20230414 01

20230414 01

20230414 01

20230414 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့