ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့်အထိမ်းအမှတ် ထိုင်းရိုးရာ သင်္ကြန်ပွဲတော် အခမ်းအနားသို့ တက်ရောက်(၅-၄-၂၀၂၃ ရက်)

(၅-၄-၂၀၂၃ ရက်၊ ရန်ကုန်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ ထိုင်းသံအမတ်ကြီး နေအိမ်၌ ၅-၄-၂၀၂၃ ရက်၊ နံနက်ပိုင်းက ကျင်းပသည့် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ Songkran အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ကမ္ဘောဒီးယားသံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများမှ သံတမန်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ခေမာရာမဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များ ချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ထိုင်းသံအမတ်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရေသပ္ပာယ်ကာ ဒင်္ဂါးများကပ်လှူပူဇော်ကြပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြသထားသော ထိုင်းရိုးရာအစားအစာ ဆိုင်ခန်းများ၊ သဲပုံစေတီနှင့် ပိုက်ကျော်ခြင်းသရုပ်ပြကစားနေမှု တို့အား ကြည့်ရှုအားပေးခြင်း၊ ရေအေးဖြင့် အပြန်အလှန်ပက်ဖျန်းခြင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ထိုင်းဘာသာ သင်ကြားနေသော မြန်မာကျောင်းသူများက ထိုင်းရိုးရာအကဖြင့် ကပြဖျော်ဖြေခြင်း၊ ထိုင်းနိုင်ငံမှ အဆိုတော်က ထိုင်းတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီးမှ ကပြ ဖျော်ဖြေခဲ့သူများအား ဂုဏ်ပြုပန်းစည်း လက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ထိုင်းသံအမတ်ကြီးနှင့် ဇနီးက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

20230410 09

20230410 03

20230410 03

20230410 03

20230410 03

20230410 03

20230410 03

20230410 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့