နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂျေ အမ် ပရီယန်သာ ဘန်ဒါရာအား လက်ခံတွေ့ဆုံ(၃၀-၃-၂၀၂၃ ရက်)

(၃၀-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂျေ အမ် ပရီယန်သာ ဘန်ဒါရာ အား ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်၊ (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပညာရေး၊ ကျန်းမာရေးနှင့် သတင်းအချက်အလက်နည်းပညာ ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ကုလသမဂ္ဂနှင့် ဘင်းမ်စတက်အဖွဲ့ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

20230331 01

20230331 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့