နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချမ်းမြို့၊ မြို့တော်ဝန် မစ္စတာ သုကျင့်ဟွေ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ(၂၁-၃-၂၀၂၃ ရက်)

(၂၁-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချမ်းမြို့၊ မြို့တော်ဝန် မစ္စတာ သုကျင့်ဟွေ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ၂၁-၃-၂၀၂၃ ရက်၊ (၀၉၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ယူနန်ပြည်နယ်မှ ချင်းရွှေဟော်နယ်စပ်မြို့ကို ဖြတ်သန်းဖော်ဆောင်မည့် ယူနန်ပြည်နယ်၏ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ နယ်စပ်ဂိတ်များဖွင့်လှစ်ရေးဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် နယ်စပ်ဒေသများ စီမံခန့်ခွဲမှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ အပေါ်တွင် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

20230328 03

20230328 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့