ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ(၆-၃-၂၀၂၃ ရက်)

(၆-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေး ကူးမားအား ၆-၃-၂၀၂၃ ရက်၊ (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။​

ထိုသို့တွေ့ဆုံစဉ် ရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူ ပို့ဆောင်ရေး စီမံကိန်း အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ အချိန်မီ ပြီးစီးရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ တိုးမြှင့်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20230314 01

20230314 02

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့