အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၃၇)ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်

(၂၂-၄-၂၀၂၅ ရက်၊ ကမ္ဘောဒီးယား)
အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ပြုလုပ်ခဲ့သည့် (၃၇) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို အာဆီယံ-ကမ္ဘောဒီးယားအဆင့်မြင့် အရာရှိကြီး H.E. KUNG PHOAK နှင့် အမေရိကန် အာဆီယံဆိုင်ရာအဆင့်မြင့် အရာရှိကြီး H.E. SEAN O’Neill တို့က ပူးတွဲသဘာပတိများအဖြစ် ကြီးမှူးကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့်ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာအသိုက်အဝန်း ဒုတိယအတွင်း ရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများအပြင် တီမောလက်စ်တေကိုယ်စားလှယ်က လေ့လာသူအဖြစ်ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌ အာဆီယံနှင့် အမေရိကန်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်သည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဆောင်ရွက်ချက်များ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျုဟာမြောက်ဆက်ဆံရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား ယခုနှစ်အတွင်း ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၁-၄-၂၀၂၅ ရက်တွင် ကမ္ဘောဒီးယားအဆင့်မြင့် အရာရှိကြီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

20250429 57

20250429 57

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့