နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက ရန်ကုန်မြို့၊ တရုတ်နိုင်ငံသံရုံးမှ သံရုံး ယာယီတာဝန်ခံ မစ္စ ချောင်းကျင်ကို လက်ခံတွေ့ဆုံ (၂၀-၃-၂၀၂၅ရက်)

(၂၀-၃-၂၀၂၅ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက ရန်ကုန်မြို့၊ တရုတ်နိုင်ငံသံရုံးမှ သံရုံး ယာယီတာဝန်ခံ မစ္စ ချောင်းကျင်ကို ၂၀-၃-၂၀၂၅ ရက်၊ (၁၅၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ရေးနှင့် နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး၊ နယ်စပ်ဒေသများရှိ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု ကွန်ရက်များကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် မြှင့်တင်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။

20250429 40

20250429 40

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့