ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံး၊ သံရုံးယာယီတာဝန်ခံဖြစ်သူ မစ္စတာ အန်ဂျလီတို နာရန် ကို လက်ခံတွေ့ဆုံ (၅-၃-၂၀၂၅ ရက်)

(၅-၃-၂၀၂၅ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံး၊ သံရုံးယာယီတာဝန်ခံဖြစ်သူ မစ္စတာ အန်ဂျလီတို နာရန် ကို ၅-၃-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၄၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင် နိုင်ငံတို့အကြား တည်ရှိသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် မြန်မာနိုင်ငံရှိ ဖိလစ်ပိုင်နိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20250429 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့