နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Arab အား လက်ခံတွေ့ဆုံ (၃-၃-၂၀၂၅ ရက်)

(၃-၃-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Arab အား ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UN Women က ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် UN Women တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

20250429 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့