အာဆီယံ-မြန်မာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၃၇)ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ဖိုရမ်သို့ တက်ရောက် (၂၀-၂-၂၀၂၅ ရက်)

(၂၀-၂-၂၀၂၅ ရက်၊ဂျကာတာ)

အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ပြုလုပ်ခဲ့ သည့် (၃၇)ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ဖိုရမ်သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်အား အာဆီယံ-အင်ဒိုနီးရှား အဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro နှင့် တောင်နှင့် အရှေ့တောင်အာရှ ဆိုင်ရာ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အာဆီယံ၊ အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အာဆီယံ ဒေသတွင်း ဖိုရမ်ဆိုင်ရာ ဩစတြေးလျအဆင့်မြင့်အရာရှိကြီး H.E. Michelle Chan တို့က ပူးတွဲသဘာပတိများအဖြစ် ကြီးမှူးကျင်းပခဲ့ပါသည်။ ဖိုရမ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ် များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အသိုက်အဝန်း ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ အာဆီယံနှင့် ဩစတြေးလျနိုင်ငံတို့၌ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ-ဩစတြေးလျ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်သည့် လုပ်ငန်းအစီအစဉ် (၂၀၂၅-၂၀၂၉) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနှင့် ဩစတြေးလျနိုင်ငံတို့အကြား ယခုနှစ်အတွင်း ပူးပေါင်း ဆောင်ရွက်သွားမည့် ဦးစားပေးအစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးပြီးနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံခန်းမတွင် ပြုလုပ်ခဲ့သည့် “ဩစတြေးလျ- အရှေ့တောင်အာရှ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိတ်ဖက်ပြုမှု အစီအစဉ် ၂၀၂၄-၂၀၂၈” အား မိတ်ဆက်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

20250220 04

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့