ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် AHA Centre မှ အမှုဆောင်ညွှန်ကြားရေးမှူးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၆-၂-၂၀၂၅ ရက်)

(၆-၂-၂၀၂၅ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ ၁၃၃၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ AHA Centre မှ အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာလီယမ်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ မစ္စတာလီယမ်မင်းသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန် AHA Centre မှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံတူညီဆန္ဒ(၅)ချက်၏ စတုတ္ထအချက်အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တစ်လျှောက်တွင်သာမက ဆိုက်ကလုန်းမိုခါရိုက်ခတ်ခံစားခဲ့ရမှုများအား တုံ့ပြန်ရာတွင် အဆင်ပြေချောမွေ့စေရေး မြန်မာနိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်ပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်က AHA Centre ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ လိုအပ်နေသည့် မြန်မာပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အတူတကွ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးတွင် ကာလရှည်အကျိုးရှိစေမည့် ဦးဆောင်ဦးရွက်ပြုမှုများကို လည်း ဆောင်ရွက်စေလိုပါကြောင်း အလေးအနက်ထား ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်က AHA Centre ၏ လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် လူသားချင်းစာနာမှုအကူအညီများ အမှန်တကယ်လိုအပ်နေသူများထံသို့ရောက်ရှိရေး မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသည် ၁၄၃၀ နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။

20250206 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့