ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက် (၂၃-၁-၂၀၂၅ ရက်)

(၂၃-၁-၂၀၂၅ ရက်၊ ဘန်ဒါဆရီဘီဂါဝန်)

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး (၂) ဖြစ်သူ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင် ယူဆွတ် ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက်ထိ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပါသည်။

ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းတွင် ဘန်ဒါဆရီဘီဂါဝန်မြို့၊ သံတမန်ရပ်ကွက်ရှိ အသစ်ဆောက်လုပ်လျက်ရှိသော မြန်မာသံရုံးဆောက်လုပ်ရေးတည်နေရာသို့ သွားရောက်လျက် သံရုံးတည်ဆောက်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည့် အစီအစဉ်သို့ တက်ရောက်ကာ လိုအပ်သည်များကို မှာကြားခဲ့ပြီးနောက် အဆောက်အဦဆောက်လုပ်မှုကို အုတ်မြစ်သွန်းလောင်းပေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့အကြား သံတမန်မြေ အပြန်အလှန်လဲလှယ်ရေးသဘောတူစာချုပ်အရ ရရှိထားသည့် မြေကွက် (၃) ကွက်အနက် ကျန်ရှိသော သံတမန်လူနေရပ်ကွက်ရှိ သံရုံးပိုင်မြေကွက် (၂) ကွက်သို့ သွားရောက်၍ မြန်မာသံရုံးဝန်ထမ်းများအတွက် နေအိမ်ဆောက်လုပ်နိုင်မှုအခြေအနေအား လေ့လာကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ သံရုံးဝန်ထမ်းများအား တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ ညပိုင်းတွင် အိမ်ရှင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး-၂ က ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား Rumbia Restaurant ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် နံနက်ပိုင်းတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး-၂ နှင့် ASSARRAA VIP Guest House Villa-2 ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ အား Istana Nurul Iman နန်းတော်၌ ဂါဝရပြုတွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုများတွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေးဆိုင်ရာ အစရှိသော ကဏ္ဍများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်‌သွားရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

20250204 01

20250204 01

20250204 01

20250204 01

20250204 01

20250204 01

20250204 01

20250204 01

20250204 01

20250204 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့