ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်တို့အကြား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ (၉-၁-၂၀၂၅ ရက်)

(၉-၁-၂၀၂၅ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်၊ ၀၉၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး၊ ဘယ်လာရုစ်စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ ဆွေးနွေးပွဲတွင် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု (၂၅) နှစ်ပြည့်မြောက်ခဲ့သည့်အခါသမယ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်များတွင် အောင်မြင်မှုများ ရရှိခဲ့သည့်အခြေအနေများ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ပညာရေးနှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှုနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသွားမည့်ကိစ္စ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အလုပ်သဘောနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

20250109 04

20250109 04

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့