နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် ကူမင်းမြို့သို့ထွက်ခွာ (၉-၁၂-၂၀၂၄ ရက်)

(၉-၁၂-၂၀၂၄ ရက်၊ ရန်ကုန်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်လျက် ဝန်ကြီးဌာန (၁၂) ခုမှ ကိုယ်စားလှယ် (၁၅) ဦးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်မည့် သတ္တမ အကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန်အတွက် ၉-၁၂-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ထွက်ခွာသွားသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြားနှင့် မြန်မာ-ယူနန် နှစ်ဖက်အကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှုမြှင့်တင်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ဖိုရမ်ကို ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာဘက်နှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့အကြား အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Ms. Cao Jing တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

20241217 17

20241217 17

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့