ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၆/၂၀၂၄)မှ သင်တန်းသား/သင်တန်းသူများက ဂါရဝပြုတွေ့ဆုံ (၂၂-၁၁-၂၀၂၄ ရက်)

(၂၂-၁၁-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိရာ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာန များမှ အရာထမ်း၊ အမှုထမ်းများနှင့် နိုင်ငံတကာရေးရာများကို စိတ်ပါဝင်စားသည့် ပြင်ပမှပုဂ္ဂိုလ် များအတွက် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့ တွင် စဉ်ဆက်မပြတ်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄) ရန်ကုန်တန်းခွဲနှင့် နေပြည်တော် တန်းခွဲရှိ သင်တန်းသား/ သူများနှင့် တွေ့ဆုံပွဲကို ၂၂-၁၁-၂၀၂၄ ရက် (သောကြာနေ့) နံနက် (၁၀:၃၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၁၄၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄) တွင် တက်ရောက် လျက်ရှိသော သင်တန်းသား/သူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး ဦးလွင်ဦးမှ သံတမန်ရေးရာ ဘာသာရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၆/၂၀၂၄) ရန်ကုန်နှင့် နေပြည်တော်တန်းခွဲတို့မှ သင်တန်းသား/သူ ကိုယ်စားလှယ်များက ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄) ရန်ကုန် တန်းခွဲနှင့် နေပြည်တော်တန်းခွဲတို့မှ သင်တန်းသား/သူများ နေပြည်တော်ရှိ အထင်ကရနေရာ များဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါသန္တိစေတီတော်တို့အား သွားရောက်ဖူး မျှော်ခြင်း၊ သူရဲကောင်းဗိမ္မာန်သို့ သွားရောက်၍ ကျဆုံးလေပြီးသော သူရဲကောင်းစစ်သည်တော် များအား အလေးပြုခြင်း၊ အမျိုးသားပြတိုက်နှင့် ငလိုက်ဆည်ဆင်စခန်းတို့သို့ သွားရောက် လေ့လာခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

20241122 01

20241122 01

20241122 01

20241122 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့