ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme – WFP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်က ခန့်အပ်လွှာ လာရောက်ပေးအပ်(၂၀-၁၁-၂၀၂၄ရက်)

(၂၀-၁၁-၂၀၂၄ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme – WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Michael John Dunford က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် ၁၀:၀၀ နာရီတွင် ၎င်း၏ ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့သည်။ ထိုသို့ လာရောက်ပေးအပ်စဉ် WFP က မြန်မာနိုင်ငံတွင် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိ သောကိစ္စများနှင့် ပတ်သက်၍ WFP မှ မြန်မာနိုင်ငံ၌ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

20241120 06

20241120 06

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့