ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaibanဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆု

(၁၂-၁၁-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် UNICEF တို့အကြား လက်ရှိ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၌ UNICEF ၏ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် အ မြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသခွဲရုံးမှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

20241112 06

20241112 06

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့