(၁၂-၁၁-၂၀၂၄ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သည် ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံး၊ သံရုံးယာယီတာဝန်ခံဖြစ်သူ မစ္စတာ အန်နရီကဲ ဘိုလ်တဲ ပင်ငို အား ၁၂-၁၁-၂၀၂၄ ရက် (အင်္ဂါနေ့)၊ ၁၄၁၅ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား တည်ရှိသည့် နှစ်နိုင်ငံဆက်ဆံရေး ကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် မြန်မာနိုင်ငံရှိ ဖိလစ်ပိုင်နိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

