(၁၁-၁၀-၂၀၂၄ ရက်၊ ဗီယင်ကျန်း)
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၁၁-၁၀-၂၀၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံ-ကုလ သမဂ္ဂထိပ်သီးအစည်းအဝေး၊ (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲအခမ်းအနား များသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။
(၁၉) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ်ရည်မှန်းချက်များ နှင့် ပတ်သက်၍ လည်းကောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ အာဆီယံ-အမေရိကန်နှင့် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီး အစည်း အဝေးတို့တွင် လက်ရှိအကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစီမံချက်အသီးသီးရှိ စီမံကိန်းများ နှင့် ပူးတွဲလုပ်ငန်းစဉ်များ၏ တိုးတက်ဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံနိုင်ငံများဘက်မှ ပူးတွဲဆောင်ရွက်လိုသည့် လုပ်ငန်းအဆိုပြုချက်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါ သည်။


