ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူးမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားအားလက်ခံတွေ့ဆုံ

20240930 02

(၂၇-၉-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူးမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊ (၁၀၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရေးနှင့် စီးပွားရေး၊ ကောင်စစ်၊ အိုင်တီ နည်းပညာ၊ စိုက်ပျိုးရေးနှင့် သာသနာရေးဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

20240930 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့