
(၁၇-၉-၂၀၂၄ ရက်၊ နေပြည်တော်)
ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့် ပြည်သူများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ဆန်အိတ် (၁၀၀)၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သံရုံးဝန်ထမ်းများနှင့် မိသားစုများ၊ ထိုင်းနိုင်ငံရှိကုမ္ပဏီများ၊ ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမားများနှင့် စေတနာရှင်များက လှူဒါန်းသည့် ဆန်အိတ် (၅၀၀) စုစုပေါင်း ဆန်အိတ် (၆၀၀)အား ၁၆-၉-၂၀၂၄ ရက်နေ့ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
