ဗီယက်နမ်နိုင်ငံ၊ ညချမ်းမြို့၌ ၁၂-၈-၂၀၂၄ ရက်မှ ၁၆-၈-၂၀၂၄ ရက်အထိ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ်များနှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာသံရုံး ဒုတ

(၂၁-၈-၂၀၂၄ ရက်၊ ဟနွိုင်းမြို့)

ဗီယက်နမ်နိုင်ငံ၊ ညချမ်းမြို့တွင် ၁၂-၈-၂၀၂၄ ရက်မှ ၁၆-၈-၂၀၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၇) ကြိမ်မြောက်အာဆီယံလူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ကောင်စစ်ရေးရာအကြီးအကဲများအစည်းအဝေး (27th DGICM) နှင့် ဆက်စပ်အစည်းအဝေး များသို့ မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံရုံးဒုတိယအကြီးအကဲ သံမှူးကြီး ဒေါ်မေသက်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲများသို့ အာဆီယံနိုင်ငံများရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ကော်မရှင်နာများ၊ ဩစတြေးလျနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပထမ လက်ထောက်အတွင်းဝန်၊ တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယကော်မရှင်နာ၊ ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီမှ တွဲဖက်ကော်မရှင်နာ နှင့် ကိုရီးယားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ နိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ 27th DGICM နှင့် ဆက်စပ်အစည်းအဝေးများတွင် အာဆီယံနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နှင့် ကိုယ်စားလှယ်များက မိမိတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိ သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာစနစ်များ၊ ရှေ့ဆက်သွားမည့်အစီအစဉ်များ၊ အလေ့အထ ကောင်းများမျှဝေရေး၊ လေ့ကျင့်သင်ကြားရေးအစီအစဉ်များ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ တွင် ခေတ်မီနည်းပညာများအသုံးပြုခြင်း၊ လူကုန်ကူးမှုတားဆီးရေး၊ တရားမဝင်ရွှေ့ပြောင်း သွားလာမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်းဂိမ်းလောင်းကစားမှုများ တားဆီးရေး၊ သတင်း အချက်အလက်မျှဝေရေး၊ အဓိက Focal Points များသတ်မှတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြပါသည်။

DGICM meeting 01

DGICM meeting 02

DGICM meeting 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့