ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ(၁-၈-၂၀၂၄ရက်)

(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်၊ ရန်ကုန်မြို့)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီဟီရန်မြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် ကျင်းပခဲ့သည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်၊ မွန်းလွဲပိုင်းတွင် အီရန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

20240820 01

20240820 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့