ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာ

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာ (၂၈-၇-၂၀၂၄ ရက်)

(၂၈-၇-၂၀၂၄ ရက်၊ မန္တလေးမြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ် ၏ ဖိတ်ကြားချက်အရ တီဟီရန်မြို့၌ ကျင်းပပြုလုပ်မည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတ အဖြစ် ရွေးကောက်ခံထားရသည့် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား (Swearing-in Ceremony) သို့ ပါဝင်တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့သည်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

20240730 48

20240730 48

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့