အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၂၆-၇-၂၀၂၄ ရက်)

(၂၆-၇-၂၀၂၄ ရက်၊ ဗီယင်ကျန်း)

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၆-၇-၂၀၂၄ ရက်တွင် အာဆီယံနှင့် ဆွေးနွေးဖက် (၁၀)နိုင်ငံ (ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသမ္ဂ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ ရုရှား၊ ဗြိတိန်)တို့အကြား သီးခြားစီကျင်းပပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးများ (PMC) အစည်းအဝေး များသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံဆွေးနွေးဖက် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက လေ့လာသူနိုင်ငံအဖြစ် ပါဝင် တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးများတွင် အာဆီယံနှင့် သက်ဆိုင်ရာဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုများအပေါ် သုံးသပ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူး တာဝန်ကို ထမ်းဆောင်လျက်ရှိရာ ၂၆-၇-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-တရုတ် ဆွေးနွေးဘက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်၊ လာအိုပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ တာဝန်ရှိ အရာထမ်းများ တက်ရောက် ခဲ့သည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယင်း အစည်းအဝေးများနှင့် တစ်ဆက်တည်းကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက်မဲခေါင်-ဂျပန် နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် မဲခေါင်-ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့လည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

20240730 33

20240730 33

20240730 33

20240730 33

20240730 33

20240730 33

20240730 33

20240730 33

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့