ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက (၈) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲ အကြိုညစာစားပွဲသို့ တက်ရောက် (၂၂-၇-၂၀၂၄ ရက်)

(၂၂-၇-၂၀၂၄ ရက်၊ ကူမင်း)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ လိုက်ပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၂-၇-၂၀၂၄ ရက် ညနေပိုင်းတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Intercontinental Hotel ၌ တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွိပေါ် က တည်ခင်းဧည့်ခံသည့် (၈) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲ အကြိုညစာစားပွဲသို့ တက်ရောက်ခဲ့ သည်။ ယင်းညစာစားပွဲသို့ တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်ခဲ့ ကြသည်။ အဆိုပါ ညစာစားပွဲအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေး ဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ မစ္စစ် စွန်းဟိုင်ယန်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ−တရုတ် နှစ်နိုင်ငံအကြားတည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးအပါအဝင် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွား ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုမြှင့်တင်ရေးကိစ္စရပ်များ၊ အထူးသဖြင့် နယ်စပ်ဒေသများတွင် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုနှင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုကိစ္စရပ်များတိုက်ဖျက်ရေးတို့တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး စသည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။ အဆိုပါနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ရုံးသို့ သွားရောက်ခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယင်းနေ့မွန်းလွဲပိုင်းကလည်း Agricultural Reclamation Group ၏ ယူနန်နုန်ခမ်း ကော်ဖီကုမ္ပဏီသို့ သွားရောက်ခဲ့ပြီး ယူနန်ပြည်နယ်၏ ပြည်တွင်းကော်ဖီထုတ်လုပ်မှုကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် ကော်ဖီအမျိုး အစားများကို လေ့လာကြည့်ရှုခဲ့ကြသည်။

20240730 03

20240730 03

20240730 03

20240730 03

20240730 03

20240730 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့