ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်အား လက်ခံတွေ့ဆုံ (၉-၇-၂၀၂၄ ရက်)

(၉-၇-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တိုကျိုမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးမှ သံအမတ်ကြီးအား တိုကျိုမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်က ၎င်း၏ သံအမတ်ခန့်အပ်လွှာမိတ္တူကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူး‌ပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည်လည်း မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ (၁၁၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

20240715 10

20240715 10

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့