နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က တိုကျိုမြို့၊ မြန်မာသံရုံးမှတစ်ဆင့် လှူဒါန်းသည့် အလှူငွေများ ပေးအပ် (၁၉-၆-၂၀၂၄ ရက်)

(၁၉-၆-၂၀၂၄ ရက်၊ နေပြည်တော်)

ဂျပန်နိုင်ငံရှိ Asia-Pacific Ladies Friendship Society (ALFS) အဖွဲ့ကြီးက နှစ်စဉ်ကျင်းပပြုလုပ်သည့် Charity Bazaar မှ အမြတ်ငွေများအား သဘာဝဘေးဒဏ်ခံစားရသည့် ဒေသများသို့ လှူဒါန်းခြင်းနှင့် အဆိုပါဈေးရောင်းပွဲတွင် ပါဝင်ခဲ့သည့် သံရုံးများသို့ အချိုးကျခွဲဝေပေး၍ လိုအပ်သည့်နေရာဒေသများသို့ လှူဒါန်းရန်အတွက် ပေးအပ်လျက်ရှိရာတွင် တိုကျိုမြို့၊ မြန်မာသံရုံးအတွက် အချိုးကျခွဲဝေရရှိသည့် ယန်း ၆၉၅,၀၀၀/- နှင့် ညီမျှသောရရှိသည့် မြန်မာကျပ် သိန်းတစ်ရာ့ခုနစ်ဆယ်အနက်မှ ကျပ်သိန်းငါးဆယ်တိတိအား နေပြည်တော်-မန္တလေးအမြန်လမ်း (၂၀၄ မိုင် ၄ ဖာလုံ) ရှိ အာစိဏ္ဏသီရိပရဟိတ ဝိပဿနာရိပ်သာ (မိဘမဲ့) ကျောင်း ဆရာတော် အရှင်ဉာဏသီရိ (ဖုန်း-၀၉၇၉၉၄၆၄၅၃၃) ထံသို့ ယနေ့ ၁၉-၆-၂၀၂၄ ရက်၊ ၁၁:၀၀ နာရီတွင် လှူဒါန်းပေးအပ်ခဲ့ပါသည်။

တိုကျိုမြို့၊ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လှူဒါန်းခဲ့သည့် အလှူငွေများအား နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ကုတင်-၁၀၀၀) သို့ ကျပ်သိန်းငါးဆယ်၊ နေပြည်တော်၊ သစ်လေးလုံးရွာ၊ မြတ်ဆုမွန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ကျပ်သိန်းငါးဆယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေ့ကလေးထိန်းကျောင်းသို့ ကျပ်နှစ်ဆယ်သိန်း ခုနစ်သောင်း သုံးထောင် တစ်ရာခုနစ်ဆယ့်တစ်တိတိတို့အား လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

20240627 01

20240627 01

20240627 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့