နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်က တိုကျိုမြို့၊ မြန်မာသံရုံးမှတစ်ဆင့်လှူဒါန်းသည့် အလှူငွေများပေးအပ် (၁၃-၆-၂၀၂၄ ရက်)

(၁၃-၆-၂၀၂၄ ရက်၊ နေပြည်တော်)

ဂျပန်နိုင်ငံရှိ Asia-Pacific Ladies Friendship Society (ALFS) အဖွဲ့ကြီးမှ နှစ်စဉ် ကျင်းပပြုလုပ်သည့် Charity Bazaar မှ အမြတ်ငွေများအား သဘာဝဘေးဒဏ်ခံစားရသည့် ဒေသများသို့ လှူဒါန်းခြင်းနှင့် အဆိုပါဈေးရောင်းပွဲတွင် ပါဝင်ခဲ့သည့် သံရုံးများသို့ အချိုးကျခွဲဝေပေး၍ လိုအပ်သည့်နေရာဒေသများသို့ လှူဒါန်းရန်အတွက် ပေးအပ်လျက်ရှိရာတွင် တိုကျိုမြို့၊ မြန်မာသံရုံးအတွက် အချိုးကျ ခွဲဝေရရှိသည့် ယန်း ၆၉၅,၀၀၀/- နှင့် ညီမျှသောရရှိသည့် မြန်မာကျပ် သိန်းတစ်ရာ့ခုနစ်ဆယ်အနက်မှ ကျပ်သိန်းငါးဆယ်တိတိ အားနေပြည်တော်၊ ပျဉ်းမနားမြို့၊ သစ်လေးလုံးရွာရှိ မြတ်ဆုမွန်လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ ဆရာတော် ဘဒ္ဒန္တသူရိယ ထံသို့ ၁၃-၆-၂၀၂၄ ရက်နေ့၊ ၁၁:၀၀ နာရီတွင် လှူဒါန်းပေးအပ် ခဲ့ပါသည်။ ထို့အတူ အလှူငွေ ကျပ် ၂,၀၇၃,၁၇၁/- (ကျပ်နှစ်ဆယ်သိန်းခုနှစ်သောင်းသုံးထောင် တစ်ရာခုနစ်ဆယ့်တစ်တိတိ)အား နိုင်ငံခြားရေးဝန်ကြီးဌာန နေ့ကလေးထိန်းကျောင်းသို့ ဆက်လက်ပေးအပ်လှူဒါန်းခဲ့ရာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသော်တာအောင်နှင့် နေ့ကလေးထိန်းကျောင်း တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။

20240619 28

20240619 28

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့