နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက တိုကျိုမြို့၊ မြန်မာသံရုံးမှတစ်ဆင့်လှူဒါန်းသည့် အလှူငွေပေးအပ် (၁၂-၆-၂၀၂၄ ရက်)

(၁၂-၆-၂၀၂၄ ရက်၊ နေပြည်တော်)

ဂျပန်နိုင်ငံရှိ Asia-Pacific Ladies Friendship Society (ALFS) အဖွဲ့ကြီးမှ နှစ်စဉ် ကျင်းပပြုလုပ်သည့် Charity Bazaar မှ အမြတ်ငွေများအား သဘာဝဘေးဒဏ်ခံစားရသည့် ဒေသများသို့ လှူဒါန်းခြင်းနှင့် အဆိုပါဈေးရောင်းပွဲတွင် ပါဝင်ခဲ့သည့် သံရုံးများသို့ အချိုးကျခွဲဝေ ပေး၍ လိုအပ်သည့်နေရာဒေသများသို့ လှူဒါန်းရန်အတွက် ပေးအပ်လျက်ရှိရာတွင် တိုကျိုမြို့၊ မြန်မာသံရုံးအတွက် အချိုးကျခွဲဝေရရှိသည့် ယန်း ၆၉၅,၀၀၀/- နှင့် ညီမျှသော မြန်မာကျပ် သိန်းတစ်ရာ့ခုနစ်ဆယ်အနက်မှ ကျပ်သိန်းငါးဆယ်တိတိအား နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး (ကုတင်-၁၀၀၀) သို့ ၁၂-၆-၂၀၂၄ ရက်၊ ၁၁:၀၀ နာရီတွင် လှူဒါန်းပေးအပ်ခဲ့ပါသည်။ အလှူငွေပေးအပ်ပွဲအခမ်းအနားအား နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး (ကုတင်-၁၀၀၀) တွင် ပြုလုပ်ခဲ့ပြီး၊ တိုကျိုမြို့၊ မြန်မာသံရုံးကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး (ကုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းရန်ကျန်ရှိငွေများအား အခြားသော ပရဟိတမိဘမဲ့ကျောင်းများသို့ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

20240619 21

20240619 21

20240619 21

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့