ဗီယက်နမ်နိုင်ငံ၊ ဟွေးမြို့တွင်ကျင်းပသည့် ဟွေးနိုင်ငံတကာယဉ်ကျေးမှု ပွဲတော် ရက်သတ္တပတ် ၂၀၂၄ သို့ မြန်မာသံရုံး ယာယီတာဝန်ခံ ပါဝင်တက်ရောက်

မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုးကိုကိုသည် ၇-၆-၂၀၂၄ ရက်နေ့၊ ညနေ ၁၈:၀၀ နာရီတွင် ဟွေးမြို့၊ KienTrung နန်းတော်၌ Thua Thien Hue ပြည်နယ် ပြည်သူ့ကော်မတီနှင့် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဟွေးနိုင်ငံတကာယဉ်ကျေးမှု ပွဲတော် ရက်သတ္တပတ်၂၀၂၄ ဖွင့်ပွဲအခမ်းအနားသို့ ဟနွိုင်းမြို့အခြေစိုက် ဗီယက်နမ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့်အတူတက်ရောက်ခဲ့ပါသည်။ အဆိုပါ ယဉ်ကျေးမှုပွဲတော် ရက်သတ္တပတ်နှင့် ဆက်စပ်ကျင်းပသည့် ရောင်စုံယဉ်ကျေးမှုလမ်း ဖွင့်ပွဲ အခမ်းအနားကို ၈-၆-၂၀၂၄ ရက်နေ့၊ ညနေ ၁၆၀၀ နာရီတွင် ပြုလုပ်ခဲ့ရာ မြန်မာသံရုံးယာယီ တာဝန်ခံမှ အဆိုပါ အခမ်းအနားသို့လည်း ဆက်လက် တက်ရောက်ခဲ့ပါသည်။

Myanmar Chargé d’Affaires participates the Hue International Arts Festival Week 2024

Chargé d’ Affaires a.i. of the Embassy of the Republic of the Union of Myanmar in Hanoi, U Soe Ko Ko together with Ambassadors and representatives from foreign Embassies in Hanoi attended the opening ceremony of the Hue International Arts Festival Week 2024, jointly organized by People’s Committee of Thua Thein Hue Province and Ministry of Foreign Affairs of the Socialist Republic of Viet Nam, was held at Kien Trung Palace, Hue city at 1800 hrs on 7 June 2024. In addition, Myanmar Chargé d’ Affaires a.i. also presented the opening ceremony of Street Festival “Cultural Colors” as a part of the Hue International Arts Festival, at 1600 hrs on 8 June 2024.

20240610 01

20240610 01

20240610 01

20240610 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့