အာဆီယံ-မြန်မာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၂၁)ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက် (၁၉-၂ -၂၀၂၅ ရက်)

(၁၉-၂ -၂၀၂၅ ရက်၊ ဂျကာတာ)

အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ပြုလုပ်ခဲ့သည့် (၂၁)ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Andrey Rudenko နှင့်အတူ ပူးတွဲသဘာပတိများအဖြစ် ကြီးမှူးကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ အာဆီယံနှင့် ရုရှားနိုင်ငံတို့၌ ဖြစ်ပေါ်တိုးတက်မှုများ၊ လက်ရှိ အာဆီယံ-ရုရှား လုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်မှုနှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနှင့် ရုရှားနိုင်ငံအကြား ယခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်သွားမည့် ဦးစားပေးအစီအစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးပြီးနောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့သည့် “ASEAN-Russia: prospects of cooperation in civilian nuclear energy and technologies” ဓာတ်ပုံပြပွဲအခမ်းအနားကို မြန်မာအမြဲတမ်း အတွင်းဝန်နှင့် ရုရှား၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့က မိန့်ခွန်းပြောကြားဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရပါသည်။

20250219 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့