အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၁၀-၁၀-၂၀၂၄ ရက်)

(၁၀-၁၀-၂၀၂၄ ရက်၊ ဗီယင်ကျန်း)

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၁၀-၁၀-၂၀၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေး၊ (၂၅) ကြိမ်မြောက် အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံ-ဂျပန်ထိပ်သီးအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေး၊ (၄) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေး၊ အာဆီယံပေါင်းစည်းဆက်သွယ်မှုနှင့် ကြံ့ကြံခံနိုင်မှုကိုမြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ-ကနေဒါအထူးထိပ်သီးအစည်းအဝေးနှင့် အရှေ့တောင် အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သို့ လူဇင်ဘတ်နိုင်ငံ ပါဝင် လက်မှတ်ရေးထိုးပွဲအခမ်းအနားတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။

အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးတွင် အာဆီယံအပေါင်းသုံး ယန္တရား ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများအား ပြန်လည်သုံးသပ်ကာ အနာဂတ်ကာလ ပူပေါင်းဆောင်ရွက်မည့် အစီအစဥ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် တွင်လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အာဆီယံ−တရုတ်၊ အာဆီယံ−ကိုရီးယား၊ အာဆီယံ−ဂျပန်၊ အာဆီယံ−အိန္ဒိယ၊ အာဆီယံ-ဩစတြေးလျနှင့် အာဆီယံ-ကနေဒါ ထိပ်သီးအစည်းအဝေးတို့၌ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းစီမံချက်အသီးသီးကို လက်ရှိအကောင်အထည်ဖော်လျက်ရှိသည့် အခြေအနေနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားကာ၊ အာဆီယံ အသိုက်အဝန်း၏ မဏ္ဍိုင် (၃) ရပ်ကို မြှင့်တင်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ညနေပိုင်းတွင် အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် ဇနီးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

20241010 01

20241010 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့