“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပပြုလုပ် (၁၀-၁-၂၀၂၅ ရက်)

(၁၀-၁-၂၀၂၅ ရက်၊ နေပြည်တော်)

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အာဆီယံ မဏ္ဍိုင်(၃)ရပ်ကို အဓိကတာဝန် ယူထားကြသည့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံဆိုင်ရာ ကဏ္ဍအသီးသီးကို တာဝန်ယူထားသည့် ဘာသာရပ်ကျွမ်းကျင်သူ အရာရှိများက ပထမနေ့တွင် ဆွေးနွေးခဲ့သည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းအောက်ရှိ ဆွေးနွေးအကြံပြုတင်ပြချက်များနှင့် ရလဒ်များပေါ် အခြေခံ၍ အာဆီယံစီးပွားရေးအသိုက်အဝန်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းအောက်ရှိ လုပ်ငန်းပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ သက်ဆိုင်ရာကဏ္ဍ အလိုက် ဦးစားပေးလုပ်ငန်းများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်၍ အာဆီယံယန္တရားများနှင့် အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်နိုင်ရေး ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ နှစ်ရက်တာကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် အာဆီယံ မဏ္ဍိုင်(၃)ရပ် အောက်ရှိ ဝန်ကြီးဌာနများအကြား ကွန်ရက်တစ်ခု ပေါ်ထွက်လာနိုင်ခဲ့ပါကြောင်း၊ ဆွေးနွေးပွဲ ရလဒ်များကို အခြေခံကာနိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်းရေးဆွဲသွား မည်ဖြစ်ကြောင်း၊ ထို့ပြင် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ကို ဖော်ဆောင်ရာ၌ အာဆီယံမဏ္ဍိုင်အသီးသီး၏ ဗျူဟာမြောက် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံက အပြုသဘော ပူးပေါင်းပါဝင်ကာ မိမိတို့နိုင်ငံအကျိုးကို ဒေသအကျိုးစီးပွားနှင့် ချိတ်ဆက်ဖော်ဆောင်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်နိုင်ခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အာဆီယံအတွင်း မဏ္ဍိုင် ၃ ရပ်အောက်ရှိ ကဏ္ဍပေါင်းစုံ လွှမ်းခြုံသော မဟာဗျူဟာမြောက် နိုင်ငံတော်အဆင့်လုပ်ငန်းစဉ် မူကြမ်းတစ်ရပ် ပေါ်ထွက်လာနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများက ဆက်လက်ပေါင်းစပ် ညှိနှိုင်းသွားကြရန်နှင့် တူညီသောပန်းတိုင်သို့ ရောက်အောင် စုပေါင်းအင်အားဖြင့် အစွမ်းကုန် ချီတက်နိုင်ရန် ကြိုးစားသွားကြရမည်ဟု တိုက်တွန်းပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ပိတ်သိမ်းပေးခဲ့ကြောင်း သိရှိရပါသည်။

20250110 05

20250110 05

20250110 05

20250110 05

20250110 05

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့