အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်(၁၀-၃-၂၀၂၃ ရက်)

(၁၀-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးချမ်းအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်း အဝေး၊ အာဆီယံ အပေါင်းသုံး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ၊ အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ၊ (၃၅) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်း အဝေးနှင့် (၂၅) ကြိမ်မြောက် အာဆီယံ-အိန္ဒိယအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးများကို ၂၀၂၃ ခုနှစ်၊ မတ်လ (၅) ရက်မှ (၈) ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးများတွင် အမြဲတမ်းအတွင်းဝန်မှ​ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရား၊ ဒေသတွင်း ​ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုမြှင့်တင်ဆောင်ရွက်ခြင်း၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏အမြင်ကို ဆွေးနွေးပြောကြားခဲ့ပြီးအပြန်အလှန်စိတ်ဝင်စားသည့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများနှင့် စိုးရိမ်မှုများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးပြောကြားခဲ့ပါသည်။

အမြဲတမ်းအတွင်းဝန်သည် မြန်မာနိုင်ငံ၏အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် မဟုတ်မမှန်လုပ်ကြံ စွပ်စွဲပြောဆိုမှုများနှင့် မမျှတသည့်ပြောကြားချက်များကို တုံ့ပြန်ရှင်းလင်းမှုပြုခဲ့ပါသည်။ ဆက်လက်၍ အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့်အဖွဲ့များနှင့် အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အချို့၏ ကျူးလွန်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန်ကအကြမ်းဖက်အဖွဲ့များဘက်မှ ကျူးလွန်နေသည့်လုပ်ရပ်များနှင့်မည်သည့် အကြမ်းဖက်လုပ်ရပ်များကိုမဆို ပြစ်တင်ရှုတ်ချမှုပြုရေးတိုက်တွန်းခဲ့ပါသည်။

အစည်းအဝေးနှင့်ဆက်စပ်လျက်အမြဲတမ်းအတွင်းဝန်သည်နိုင်ငံအချို့မှဆွေးနွေးဖက်ပုဂ္ဂိုလ်များနှင့်တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကိုအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20230315 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့