အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၁၉-၁-၂၀၂၅ ရက်)

၁၉-၁-၂၀၂၅ ရက်၊ လန်ကာဝီမြို့၊ မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့၌ ၁၉-၁-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မည့်အစီအစဉ်များ ဆွေးနွေးပြောကြားခဲ့ပြီး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများနှင့် အာဆီယံ၏ တူညီဆန္ဒ (၅) ချက် အကောင်ထည်ဖော်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်တည်ငြိမ်​အေးချမ်းရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၁၈-၁-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်-၂၀၄၅ ရေးဆွဲမှုအခြေအနေ၊ အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအခြေအနေနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေးအခြေအနေတို့အား ဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံမှ အာဆီယံ-ရုရှား ဆက်ဆံရေး ညှိနှိုင်းမှုတာဝန်များ ဆောင်ရွက်ကာ နှစ်ဖက်ဆက်ဆံရေး မြှင့်တင်နိုင်မည့် နည်းလမ်းများရှာဖွေသွားရန်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

20250119 01

20250119 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့