ယီမင်နိုင်ငံတွင် နိုင်ငံရေးနည်းလမ်းဖြင့် အလုံးစုံ အဖြေရှာနိုင်ရေးအတွက် ယီမင်နိုင်ငံဘက်မှ အဖွဲ့အစည်းများနှင့် ယီမင်နိုင်ငံမြို့တော် စနား(ရ်)မြို့၌ ဆွေးနွေးညှိနှိုင်းမှုများ ကျင်းပပြုလုပ်ခြင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပေါ်ထွန်းလာရေးအတွက် ဆော်ဒီအာရေဗျ နိုင်ငံ၏အားထုတ်ကြိုးပမ်းမှုများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ကြိုဆိုသည်။
ယီမင်နိုင်ငံတွင် ကာလရှည်စွာ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ အဆုံးသတ်နိုင်ရေး အတွက် ဆော်ဒီအာရေဗျနိုင်ငံ၏ ဆက်လက်ကြိုးပမ်းမှုများကိုလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက ကြိုဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်
