မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်း အနားကျင်းပ (၁၈-၂-၂၀၂၃ ရက်)

မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခမ်းအနား ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

​အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ထံသို့ မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခါသမယအတွက် ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီးနောက် မိန့်ခွန်းပြောကြားခဲ့သည်။

​ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ် က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယအတွက် ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီးနောက် မိန့်ခွန်းပြောကြားခဲ့သည်။

​ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် သမိုင်းကြောင်း၊ ယဉ်ကျေးမှု နှင့် ပထဝီဝင်အနေအထား ကွာခြားချက်များ ရှိလင့်ကစား လွန်ခဲ့သည့် ဆယ်စုနှစ် ခုနှစ်ခုကျော် ကာလအတွင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတို့ကို အခြေခံကာ နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသည့် အောင်မြင်မှုများရရှိခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူပြီးနောက်ပိုင်း တွင် ပိုမိုများပြားလာသည့် အပြန်အလှန်ခရီးစဉ်များနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများက နှစ်နိုင်ငံ ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ခဲ့သည်မှာ ကျေနပ်အားရဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

​အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လာမည့်နှစ်များအတွင်း ချစ်ကြည် ရင်းနှီးမှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားနိုင်ရေးအတွက် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ခိုင်မာသည့် ကတိကဝတ်များကို ဖော်ပြခဲ့ကြသည်။

​ဆက်လက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဗွီဒီယိုမှတ်တမ်းကို ပြသခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ရုရှားသံရုံးတို့မှ အနုပညာရှင်များက နှစ်နိုင်ငံ ရိုးရာတင်ဆက်မှုများနှင့် ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရုရှားအနုပညာရှင်များအားလည်းကောင်း၊ ရုရှားသံအမတ်ကြီးက မြန်မာအနုပညာရှင်များအား လည်းကောင်း အမှတ်တရပန်းခြင်းများ လက်ဆောင်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များက ရုရှားသံအမတ်ကြီးနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

​ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများသည် ဝန်ကြီးဌာန (၉)ခုနှင့် ရုရှားသံရုံး တို့မှ ခင်းကျင်းပြသထားသည့် မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး တက်ရောက်လာသူများအား အကျွေးအမွေး များဖြင့် ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား လက်ခံတွေ့ဆုံ(၁၇-၂-၂၀၂၃ ရက်)

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် Online Roundtable ဆွေးနွေးပွဲသို့ တက်ရောက်(၁၇-၂-၂၀၂၃ ရက်)

20230222 01

new 20230222 02

new 20230222 02

new 20230222 02

new 20230222 02

new 20230222 02

new 20230222 02

new 20230222 02

new 20230222 02

new 20230222 02

new 20230222 02

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့