(၂၀-၉-၂၀၂၃ ရက်၊ ရန်ကုန်)
မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ယူနန်တက္ကသိုလ်၊ မြန်မာ့ရေးရာလေ့လာရေးဌာနတို့၏ ပူးပေါင်းစီစဉ်မှုသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးပွဲကို ၂၀-၉-၂၀၂၃ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပခဲ့ပါသည်။
စာတမ်းဖတ်ကြားဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာနှင့်တရုတ် နှစ်နိုင်ငံမှ ပညာရှင်များနှင့် သုတေသီ (၁၈) ဦးတို့က ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ သုတေသနပြု ရေးသားထားသည့် စာတမ်းများကို ဖတ်ကြားတင်ပြခဲ့ကြပါသည်။
စာတမ်းဖတ်ကြားဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့မှ ပါမောက္ခများ၊ ပါရဂူဘွဲ့ကြိုတန်းနှင့် မဟာတန်းတက်ရောက်နေသည့် ကျောင်းသူများ၊ ယူနန်တက္ကသိုလ်၊ မြန်မာ့ရေးရာလေ့လာရေးဌာနမှ တာဝန်ရှိသူများ၊ ပီကင်းတက္ကသိုလ်၊ ရှာမန်တက္ကသိုလ်တို့မှ ပါမောက္ခများ၊ ပညာရှင်များနှင့်သုတေသီများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။





