မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံသံရုံးများမှသံတမန်များလေ့လာရေးခရီးစဉ်နေပြည်တော်တွင်စတင်(၁၆-၂-၂၀၂၃ရက်)

(၁၆-၂-၂၀၂၃ရက်၊ နေပြည်တော်)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု သံတမန်များလေ့လာရေး ခရီးစဉ်အတွက် ယနေ့ နံနက်တွင် နေပြည်တော်သို့ ရောက်ရှိလာကြသည်။ အဆိုပါခရီးစဉ်ကို နိုင်ငံ ခြားရေးဝန်ကြီး ဌာနရှိမဲခေါင်-လန်ချန်းပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ရုံးကစီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါလေ့လာရေးခရီးစဉ်၏ အစီအစဉ်တစ်ခုအဖြစ် ယနေ့၊ နေ့လယ်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိမဲခေါင်-လန်ချန်းပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ရုံး၌ “Presentation on MLC Special Fund Projects in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သံတမန်များ လေ့လာရေးခရီးစဉ် သည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၌မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကိုမြင်သာစေရုံသာမကမဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ယန္တရား ပိုမို ခိုင်မာစေရေးအတွက် သတင်းအချက်အလက်များ၊ အလေ့အကျင့်ကောင်းများ၊ သဘော ထားအမြင်များနှင့် စိတ်ကူးအကြံဉာဏ် များကိုချစ်ခင်ရင်းနှီးစွာဖလှယ်နိုင်မည့် အခွင့်အရေး တစ်ရပ်ကိုဖော်ဆောင်ပေးခြင်းလည်း ဖြစ်ပါကြောင်း၊ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှု၊စိတ်ချယုံကြည်ရမှုစသည့် စံနှုန်းများကိုအခြေခံသည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်သည် မဲခေါင်-လန်ချန်းဒေသရှိပြည်သူများအတွက် လက်ဆုပ် လက်ကိုင်ပြနိုင်သည့် အကျိုးရလဒ်များကိုအောင်မြင်စွာဖော်ဆောင်ပေးလျက်ရှိသည့်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက် မှု၏ အဓိကသော့ချက်ပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးကမြန်မာနိုင်ငံအား စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၇.၄ သန်းတန်ဖိုးရှိအထူးရန်ပုံငွေစီမံကိန်း (၉၂)ခုကိုပေးအပ်ခဲ့သည့်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ကိုကူညီထောက်ပံ့ပေးနေမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် တရုတ်နိုင်ငံ သံရုံး ကိုလည်းကောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကူညီပေးမှုများအတွက် မဲခေါင်နိုင်ငံများကို လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်းထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မဲခေါင်-လန်ချန်းပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းက မြန်မာနိုင်ငံ၌ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက် မှု အထူး ရန်ပုံငွေ စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ပြီးစီးမှုအခြေအနေများနှင့် အကျိုးရလဒ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီး ဌာနများဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုသက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဝန်ကြီးဌာနများ၏ ရှင်းလင်းဆွေးနွေးချက် များအပြီးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များကမဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၌ ရှေ့ဆက်ဆောင်ရွက်မည့်လမ်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်အဖွဲ့များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံ ငွေစီမံကိန်းများအနက် တစ်ခုဖြစ်သောစိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်း အချက် အလက်စင်တာသို့ သွားရောက်လေ့လာခဲ့ကြသည်။

ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်အဖွဲ့များသည် ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြ ပြီးအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ထို့ပြင် စေတီတော်အနီးရှိ ရဋ္ဌနန္ဒက ဆင်ဖြူ တော်လေးအပါအဝင် ဆင်ဖြူတော်များရှိရာသို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး အစာရေစာများ ကျွေးမွေးခဲ့ကြသည်။

ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် ကမဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံသံရုံးများမှသံတမန်ကိုယ်စားလှယ်အဖွဲ့များကို M-Gallery ဟိုတယ်၌ ကြိုဆိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

စတုတ္ထအကြိမ် အာဆီယံ-အိန္ဒိယ လူငယ်ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးမှ ပါဝင်တက်ရောက်(၁၅-၂-၂၀၂၃ ရက်)

ဩစတြီးယားနိုင်ငံ ဖက်ဒရယ်သမ္မတနှင့် ဇနီးတို့က သံတမန်အဖွဲ့နှင့် နှစ်သစ်ကူးတွေ့ဆုံပွဲ အခမ်းအနားသို့ မြန်မာသံရုံးအကြီးအကဲ တက်ရောက်(၁၄-၂-၂၀၂၃ ရက်)

20230220 01

20230220 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့