မိုခါမုန်တိုင်းဘေးသင့်ဒေသများအတွက် ငွေနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း(၇-၇-၂၀၂၃ ရက်)

(၇-၇-၂၀၂၃ ရက်၊ နေပြည်တော်)

“မိုခါ”မုန်တိုင်းဘေးသင့်ဒေသများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ မိတ်ဖက်နိုင်ငံခြားကုမ္ပဏီများမှ လှူဒါန်းငွေများနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန (DMC) ၌ ၇-၇-၂၀၂၃ ရက်၊ (၁၅:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က မြန်မာကျပ်ငွေ စုစုပေါင်း ၁၃၃၉၂၈၁၀၀ (ကျပ် တစ်ထောင့်သုံးရာသုံးဆယ့်ကိုးသိန်း နှစ်သောင်းရှစ်ထောင့်တစ်ရာ) နှင့် မြန်မာကျပ်ငွေ ၂၉၈၄၉၆၈၀ (ကျပ် နှစ်ရာကိုးဆယ့်ရှစ်သိန်း လေးသောင်းကိုးထောင်ခြောက်ရာ့ရှစ်ဆယ်) တန်ဖိုးရှိ ဆေးဝါးများကို ပေးအပ်လှူဒါန်းရာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

20230711 01

20230711 01

20230711 01

20230711 01

20230711 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့