ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၅၅)နှစ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်ခြင်း အလံတင်အခမ်းအနားနှင့် ယဉ်ကျေးမှုပြပွဲအခမ်းအနားသို့ တက်ရောက် (၈-၈-၂၀၂၂ ရက်)

20220808 announcements 01

20220808 announcements 02

20220808 announcements 03

(၈-၈-၂၀၂၂ ရက်၊ နေပြည်တော်)

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၅၅)နှစ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်ခြင်း အလံတင်အခမ်းအနားကို ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၂ ရက်နေ့၊ ၀၇:၃၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Bui Thanh Son နှင့် ဒုတိယဝန်ကြီးများ၊ ဟနွိုင်းမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ ဟနွိုင်းမြို့အခြေစိုက် နိုင်ငံတကာသံရုံးများ၏ သံတမန်နာယက( Dean) နှင့် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများလည်း တက်ရောက်ခဲ့ကြပါသည်။

ထို့ပြင် မြန်မာသံအမတ်ကြီးသည် (၅၅)နှစ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်သည့် အထိမ်းအမှတ်အနေဖြင့် ဟနွိုင်းမြို့ Viet Nam Fine Arts Museum တွင် ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော The Colors of ASEAN Culture ယဉ်ကျေးမှုပြပွဲ အခမ်းအနားသို့ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Doan Van Viet ၊ ဟနွိုင်းမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့