ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမှ ဟနွိုင်းမြို့အခြေစိုက် အာဆီယံသံရုံးများနှင့် တီမောလက်စ်တေသံရုံးတို့မှ သံရုံးအကြီးအကဲများအား လက်ခံတွေ့ဆုံသည့် အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်ခဲ့ခြင်း

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သမ္မတ H.E. Mr. Luong Cuong မှ ဟနွိုင်းမြို့ အခြေစိုက် အာဆီယံသံရုံးများနှင့် တီမောလက်စ်တေသံရုံးတို့မှ သံရုံးအကြီးအကဲများအား ၁၉-၂-၂၀၂၅ ရက်တွင် သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံခဲ့ရာ မြန်မာသံရုံး၊ ဟနွိုင်းမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးစိုးကိုကို ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဗီယက်နမ်နိုင်ငံသမ္မတ H.E. Mr. Luong Cuong က အာဆီယံဒေသ တွင်း ငြိမ်းချမ်းသာယာဝပြောမှုရှိရေးအတွက် အတူတကွ ဆောင်ရွက်သွားရန်၊ စိန်ခေါ်မှုများကို စုစည်းညီညွတ်မှုနှင့် ကြံ့ကြံ့ခိုင်နိုင်မှုတို့ဖြင့် ရင်ဆိုင်ဖြေရှင်းသွားရန်၊ အပြန်အလှန်ကုန်သွယ်မှုများ မြှင့်တင်ရန်တို့နှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး၊ သံရုံးအကြီးအကဲများကလည်း H.E. Mr. Luong Cuong အား သမ္မတအဖြစ် ခန့်အပ်ခံရမှုအတွက် ဝမ်းမြောက်ကြောင်းနှင့် အောင်မြင်မှုများရပါစေ ကြောင်း၊ နှစ်နိုင်ငံနှင့် အာဆီယံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာသံရုံး၊ ဟနွိုင်းမြို့
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်

Myanmar Chargé d’Affaires U Soe Ko Ko pays courtesy call on the President of the Socialist Republic of Viet Nam

U Soe Ko Ko, Charge d’Affaires ad interim/ Minister of Myanmar to Vietnam, paid a courtesy call on H.E. Mr. Luong Cuong, President of the Socialist Republic of Viet Nam, along with the Heads of Missions of ASEAN Embassies and the Timor-Leste Embassy based in Hanoi at the Presidential Palace on 19 February 2025.
During the call, President H.E. Mr. Luong Cuong emphasized to strengthen cooperation to promote peace and prosperity in the region, to overcome the various challenges with solidarity and resilience and to promote trade among the ASEAN member countries, while the Heads of Missions extended their congratulations and best wishes for the further success to the President as well as shared their continued commitment to enhance both bilateral ties and ASEAN cooperation.

Myanmar Embassy, Hanoi
Dated, 19 February 2025

20250304 01

20250304 01

20250304 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့