ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်မှုများကို ပြန်လည်ဖြေလျော့မှုများအား အကောင်အထည်ဖော်

(၃၁-၈-၂၀၂၂ ရက်၊ နေပြည်တော်)

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန်တွင် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်မှုများကို ပြန်လည် ဖြေလျော့မှုများအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့မှ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအကြား သံတမန်/ အထူးနှင့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအတွက် နှစ်နိုင်ငံ ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကို (၁-၉-၂၀၂၂) ရက်နေ့မှစတင်၍ ပြန်လည် ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယင်းသို့ ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ နောက်ဆုံး ထုတ်ပြန်ထားသည့် ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့