ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပ(၁၉-၉-၂၀၂၃ ရက်)

(၁၉-၉-၂၀၂၃ ရက်၊ ရန်ကုန်)

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့်အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၁၉-၉-၂၀၂၃ ရက်၊ ၁၅:၀၀ နာရီအချိန်တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လက်ရှိအကောင်အထည်ဖော်လျက်ရှိသည့်ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပညာရှင်များရှုထောင့်မှ အထောက်အကူပြုပံ့ပိုးနိုင်ရေးတို့ကို တိုက်တွန်းမှာကြားခဲ့ကြပါသည်။

ထို့နောက် မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များမှ အဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

2030926 01

2030926 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့