ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား လက်ခံတွေ့ဆုံ (၅-၃-၂၀၂၅ ရက်)

(၅-၃-၂၀၂၅ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်၊ (၁၁၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ပိုမိုတိုးမြှင့်ရေးအပါအဝင် အကျိုးဖြစ်ထွန်းသည့်ရလဒ်များ ရရှိရေးအတွက် နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့် ယန္တရားများကို အသုံးချနိုင်ရေး အရေးပါမှုတို့ကို အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20250429 05

20250429 05

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့